Ecosyste.ms: Awesome

An open API service indexing awesome lists of open source software.

Awesome Lists | Featured Topics | Projects

https://github.com/khunhtetznaing/ubuntu-paoh-keyboard

Pa-O, PaO, Pa'O, PaOh Keyboard layout for Ubuntu 20.04 LTS
https://github.com/khunhtetznaing/ubuntu-paoh-keyboard

keyboard-layout ubuntu

Last synced: 4 days ago
JSON representation

Pa-O, PaO, Pa'O, PaOh Keyboard layout for Ubuntu 20.04 LTS

Awesome Lists containing this project

README

        

# PaOh Keyboard for Ubuntu
![enter image description here](https://i.imgur.com/Cwrfkxb.png)
Ubuntu အတွက်ပအိုဝ်းစာရေးလို့ရမယ့် လက်ကွက်လေးဖြစ်ပါတယ်။
ဥဘွန်းတုမှာအသင့်ပါလာတဲ့ မြန်မာလက်ကွက်ကို မုဲင်ꩻငါ ( ꩻ ) နှင့် မုဲင်ꩻပတ်ငါ ( ႏ ) ဖြည့်စွတ်လိုက်ခြင်းသာဖြစ်ပါတယ်။
ထည့်သွင်းဖို့ကတော့ ဒီ **Repository** ကိုဒေါင်းပြီး **paoh_kb.sh** ကို **Run** လိုက်ရုံပါပဲ။
**Terminal** နဲ့မရင်းနှီးသေးတဲ့သူတွေအတွက် အောက်ဘက်မှာပုံလေးတွေနဲ့ရှင်းပြထားပါတယ်။

# Download လုပ်ခြင်း
bash <(wget -qO- https://github.com/KhunHtetzNaing/Ubuntu-PaOh-Keyboard/raw/main/download.sh) && cd pao-kb

# Install လုပ်ရန်
./paoh_kb.sh install

# Uninstall ပြန်လုပ်လိုလျှင်
./paoh_kb.sh uninstall

# ထည့်သွင်းနည်းအပြည့်အစုံ
ပထမဦးဆုံး **Terminal** ကိုဖွင့်လိုက်ပါ။
**Desktop** ပေါ်ကနေ **Right click** နှိပ်ပြီး **Open in terminal** ကိုနှိပ်ရင်လည်းရပါတယ်။
![enter image description here](https://i.imgur.com/81WCMth.png)

ပြီးရင်ဒီ လိုအပ်တဲ့ဖိုင်တွေ Download လုပ်ဖို့ အောက်ပါ Command ကို
**Copy** ကူးပြီး **Terminal** ထဲမှာ **Paste** လုပ်ပါ။

bash <(wget -qO- https://github.com/KhunHtetzNaing/Ubuntu-PaOh-Keyboard/raw/main/download.sh) && cd pao-kb

ပြီးရင်ကီးဘုတ်ပေါ်က **Enter** ခလုတ်ကိုနှိပ်လိုက်ပါ။
![Download script & files](https://i.imgur.com/kT88NUF.png)

ဒါဆိုရင်လိုအပ်တာတွေ **Download** လုပ်ပြီးလို့ **Install** လုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။
![Download Done!](https://i.imgur.com/tccZKxe.png)

**Install** လုပ်ပါအောက်ပါကုဒ်လေးကိုရိုက်ထည့်လိုက်ပါ။
လွဲမှာစိုးရင် အပေါ်ကအတိုင်း **Copy** ကူးထည့်လည်းရပါပြီ။

./paoh_kb.sh install

ပြီးရင် **Enter** နှိပ်ပါ။
![Install PaO keyboard example!](https://i.imgur.com/aWnfbQA.png)

သင့်ကွန်ပျူတာမှာ **Password** ခံထားရင်တော့ ဒီလိုမျိုး **Password** တောင်းလာပါလိမ့်မယ်။
ရိုက်ထည့်ပေးရန်လိုအပ်ပါတယ်။ မခံထားရင်တော့ဒီအဆင့်ကိုကျော်သွားမှာပါ။

![If requires password example!](https://i.imgur.com/kLHhLfN.png)

ဒါဆို **Install** လုပ်လို့ပြီးသွားပါပြီ။
စာရိုက်တဲ့အခါ **English** နဲ့ **ပအိုဝ်း**လက်ကွက်အပြန်အလှန်ပြောင်းဖို့ **Super + Space** ကိုနှိပ်ရုံပါ။
**Super** ဆိုတာက ကီးဘုတ်ပေါ်မှာ **Windows ⊞** ပုံလေးနဲ့ခလုတ်လေးပါ။
**Ubuntu** မှာတော့သူ့ကို **Super** လို့ခေါ်ပါတယ်။
![PaO keyboard has been installed example!](https://i.imgur.com/DdQa6jz.png)

## ပြန်ဖြုတ်လိုလျှင်
အောက်က **Command** ကိုရိုက်ပြီးပြန်ဖြုတ်လို့ရပါတယ်။

./paoh_kb.sh uninstall
![Uninstall example!](https://i.imgur.com/5T8HESx.png)

ဒါဆိုရင်ကိုယ့်စက်ထဲကနေ **ပအိုဝ်းကီးဘုတ်**ကိုဖြုတ်ပြီးသွားပါပြီ။

![Uninstalled example!](https://i.imgur.com/UDQ2mgr.png)

အဆင်မပြေတာရှိရင် **[Facebook](https://www.facebook.com/iamHtetz)** မှာလာမေးလို့ရပါတယ်။
အားလုံးပြီးသွားရင် **pao-kb** ဆိုတဲ့ Folder ကိုလည်းဖျက်ချင်ရင် ဖျက်ပစ်လို့ရပါတယ်။

![You can delete pao-kb folder.](https://i.imgur.com/La5wqeg.png)

# ကိုးကားချက်များ

- https://askubuntu.com/a/805207
- https://askubuntu.com/questions/510024/what-are-the-steps-needed-to-create-new-keyboard-layout-on-ubuntu

# အခြား OS အတွက်ပအိုဝ်းကီးဘုတ်များ

- [macOS](https://github.com/KhunHtetzNaing/macOS-PaOh-Keyboard)
- [Windows](https://github.com/KhunHtetzNaing/Windows-PaOh-Keyboard)